Newer Post Older Post Home

လက်တွဲဖော်

သက်ဆိုင်သူ
နှောင်တစ်မျှင် သံယောဇဉ်ဖြင့်
တစ်နွယ်ငင် တစ်စင်ပါလို့
ဟိုယခင် အတိတ်ဘောင်ဆီမှ
နောင်သံသရာ အဆက်ဆက်
လက်တွဲလျက်ခေါ်ချင်..........

 
သူနဲ့သာဆို
ပန်းတွေလဲမွှေး စမ်းလဲအေး
လွမ်းတေးတွေ ဘယ်ခါမသီ
ခါတော်မှီ ရွှေရောင်ပြုံးတွေနဲ့
ကမ္ဘာမိုးမြေမဆုံး
အပျော်ပီတိတွေ စားသုံးခဲ့......
သူအတွက်ဆို.......
ကိုယ့်အသက် ထက်ဝက်သူပိုင်
အနိုင်ယူချင်လည်းယူစေ
အပူတွေမဝေမျှ
မညီမျှတဲ့ ကာရန်တွေနဲ့
မပြီးသေးတဲ့ ပန်းချီကား
အဆုံးမသတ်နိုင်ခဲ့............
 စာရေးသူ။  ။ဝေရည်

0 comments:

Post a Comment

Best Blogger TipsComment Options - ယခုကော်မတ်ဘောက်တွင်ပုံများ အရောင်နှင့်စာများ marquee စာကြောင်းများ ထည့်သွင်းအသုံးပြုနိုင်ပါသည်။

Image - [im]ပုံရဲ့လင့်ထည့်ပါ[/im]
Colors - [co="red"]အရောင်နှင့်စာထည့်ပါ[/co] - မိမိနှစ်သက်ရာအရောင်သို့ပြောင်းလဲနိုင်ပါသည်။
Marquee - [ma]သွားနေသောစာကြောင်းထည့်ပါ[/ma]
Get This - Blogger Comment Script

Newer Post Older Post Home
Best Blogger Tips