Newer Post Older Post Home

Laptop ပြင်ဆင်မှု နည်းလမ်းများ







ကျွန်တော်ဒီနေ့(၂၀.၀၂.၂၀၁၀)မှာ ကျွန်တော့်ဆွေးနွေးတင်ပြမှုလေးကို ရည်ရွယ်ချက်ပြောင်းပါ့မယ်ခင်ဗျာ။
ဘာလို့လဲဆိုတော့ ဒီနေရာမှာ ကျွန်တော့် Laptop အမျိုးအစားတစ်ခုတည်းမဟုတ်ပဲ
အခြားအခြားသော အမျိုးအစား Laptop များပါ ပါဝင်ရေးသားစေချင်လို့ဖြစ်ပါတယ်။
ကျွန်တော့်မှာ ရှိတဲ့ စက်တစ်လုံတည်းကို ဖြုတ်ပြတတ်ပြလုပ်တာ ဘယ်လောက်မှကြာနိုင်မှာ
မဟုတ်ပါဘူး။အချိန်အနည်းငယ်ကြာလာတာနှင့်အမျှ တင်ပြစရာမရှိတော့ရင်ဒီခေါင်းစဉ်လေး
ဟိုး... နောက်ဆုံးမှာ သွားပြီး မထင်မရှားနဲ့ တိန်မြုတ်သွားမှာကို ကျွန်တော်မဖြစ်စေချင်ဘူး။
ညီအစ်ကိုမောင်နှမများလည်း ၀ိုင်းဝန်းရေးသားပေးပါ ကျွန်တော်လည်း တတ်နိုင်သလောက်
တစ်ချားအမျိုးအစားတွေကို ဘာသာပြန်သင့်တာပြန် ကူးယူသင့်တာကူးယူပြီးတော့
တင်ပြပေးပါ့မယ်ခင်ဗျာ။


Ramချောင်းကို မိမိကိုယ်တိုင်ထပ်စိုက်မယ်



ကျွန်တော် အရင်ဆုံး RAM ချောင်း ထပ်စိုက်တာကို တင်ပါမယ်ခင်ဗျာ...
ကျွန်တော့်စက်က A300 144 ဖြစ်တဲ့ အတွက် တစ်ချားသူတွေအနေနဲ့မဆိုင်ဘူးလို့ မထင်ပါနဲ့ဗျာ...
Toshiba A300 စီရီးတွေအားလုံးက ဒီပုံစံတွေဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့ဗျာ...
RAM ချောင်းလေးစိုက်တာပဲ ဆိုင်မှာသွားစိုက်ခိုင်းရင်ခဏလေးပဲလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူးခင်ဗျာ..
ဒါပေမယ့် ကိုယ်တိုင်လုပ်ချင်သူတွေအတွက်ကို ပဲ ကျွန်တော် ရည်ညွန်းပါတယ်ခင်ဗျာ...
ကျွန်တော်သုံးနေတဲ့ A300 144 က အများဆုံး 2G အထိပဲ စိုက်လို့ရပါတယ်...
အထဲမှာလဲ RAM Slot လည်း ၂ ခုပဲပါပါတယ်...
RAM ချောင်းဝယ်မယ်ဆိုရင်တော့ A300 144 အတွက်ကတော့ SO DIMM DDR2 (5300) 1024Mb
Samsung original ကိုပဲရွေးချယ်လိုက်ပါ။။
RAM ချောင်းကို ဘယ်လိုတပ်ဆင်မယ် ဘယ်လိုဖြုတ်ရမယ်ဆိုတာကို အောက်မှာ ပုံနဲ့ ကျွန်တော်ရှင်းပြထားပါတယ် ဆက်ကြည့်ပါမိတ်ဆွေ။

အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Screw သုံးခုကိုအရင်ဆုံးဖြုတ်ပါ။ RAM ချောင်းတပ်ဆင်ဖို့ Screw သုံးလုံးသာ ဖြုတ်ဖို့လိုအပ်ပါတယ်ခင်ဗျာ



အပေါ်ပုံကိုကြည့်ပါ။ RAM ချောင်းတပ်တော့မယ်ဆိုရင် သေချာကြည့်ပါ။အလွန်အရေးကြီးပါတယ်.။
ဘေးနှစ်ဘက်ကိုသွားပြီး လက်နဲ့ကုတ်ဖဲ့ပြီး တပ်မိမှာဆိုးလို့ သတိပေးတာပါ။
အဲလိုတပ်လိုက်မယ်ဆိုရင် ခက်ခဲတဲ့အပြင် မလိုလားအပ်တဲ့ ပြသနာတွေပါဖြစ်လာနိုင်ပါတယ်။

RAM ချောင်းတပ်တော့မယ်ဆိုရင်...
(၁)RAMချောင်းတပ်မယ်ဆိုရင် ပုံပါအတိုင်း 45ဒီဂရီ စောင့်ပြီး RAM Slot ထဲကိုထည့်လိုက်ပါ။
(၂)RAM Slotထဲကို ၀င်သွားတာသေချာပြီဆိုရင် အပြားလိုက်ဖိချလိုက်ပါ။
အံဝင်ခွင်ကျ စက္ကန့်အနည်းငယ်အတွင်း ပြီးဆုံးသွားပါလိမ့်မယ်။

RAM ချောင်းကို ဖြုတ်မယ်ဆိုရင်တော့...


အပေါ်မှာပြထားတဲ့ ပုံအတိုင်းသေချာကြည့်ပါခင်ဗျာ
ဘာမှကိုလုပ်စရာမလိုပါဘူး။ ဘေးနှစ်ဘက်ထိန်းထားတဲ့ အထိန်းကို အနည်းငယ်ဟ ပေးလိုက်ရုံပါပဲဗျာ...
နောက်ထပ်တင်မှာက Laptop Keyboard အသစ်ဝယ်တပ်နည်းဖြစ်ပါတယ်ခင်ဗျာ စောင့်မျှော်အားပေးပါဦးခင်ဗျာ... 
Laptop Keyboard အသစ်တပ်ဆင်မည်။



ကျွန်တော်ဒီနေ့ Keyboard အသစ်တပ်ဆင်ချင်းအပိုင်းကိုရေးသားတင်ပြပေးပါမယ်ဗျာ။
ပုံတွေကိုလည်း အတတ်နိုင်ဆုံးကောင်းအောင် ပြင်ဆင်ပြီးတစ်ခုချင်းကိုရှင်းလင်းတင်ပြပေးပါ့မယ်။
ကီးဘုတ်အသစ်တပ်ရင်ပဲဖြစ်ဖြစ် ပြုပြင်ရင်ပဲဖြစ်ဖြစ် သတိထားရမယ်အချက်တွေကို
အရင်ဆုံးတင်ပြပေးပါ့မယ်ခင်ဗျာ။
(၁) ဘတ်ထရီအောက်မှ Screw သုံးလုံးဟာ ဖိုင်ဘာပေါ်ဆွဲထားချင်းဖြစ်သောကြောင့်အရမ်းကြပ်ပါက
ကျွတ်ထွက်သွားနိုင်ပါတယ်။
(၂) ကီးဘုတ်ပေါ်မှဖိုင်ဘာပြားကိုခွာရာတွင်ချောမွေ့သော သံပြားကိုသာသုံးသင့်ပါတယ်။
ကြမ်းပါက အစင်ရာများထင်သွားနိုင်ပါတယ်ဗျာ။
(၃)ကီးဘုတ်ကို အရမ်းဆွဲပြီးမလှန်မိစေရန်သတိပြုပါ။
မာသားဘုတ်နှင့်ဆက်ထားသောကြိုးမှာ အရမ်းတိုပါတယ်။


ကဲပြောနေရင်ကြာတယ် စပြီးဖြုတ်လိုက်တပ်လိုက်ကြရအောင်ဗျာ။
(၁) ဘက်ထရီကို အရင်ဆုံးဖြုတ်ပြီး ဘက်ထရီအောက်မှ screw သုံးလုံးကို ဖြုတ်လိုက်ပါ။
Laptop တွင်ဘယ်အရာကိုပဲ ဖြုတ်ဖြုတ်ဘက်ထရီကို အရင်ဆုံးဖြုတ်ရန်မမေ့ပါနှင့်။


(၂)ကီးဘုတ်ပေါ်မှ ဖိုင်ဘာပြားအား ခွာရန် F1 ကီးကို နှိပ်ပြီး ချောမွေ့သော သံပြားဖြင့် အသာလေးကွေးပြီး
ESC အပေါ်ဘက်အနားရှိ ကလစ်လေး လွတ်အောင် ကွေးပြီးထုတ်လိုက်ပါ။အောက်တွင်ပြထားသော
ပုံ(၂)ပုံကိုကြည့်ပါ။




(၃)F1 အပေါ်ဘက်ရှိ screw ကိုဖြုတ်ပြီး ကီးဘုတ်ကို အသာအယာမပြီး ပလက်လှန်လိုက်ပါ။
အောက်တွင် ကြိုးပြား ရှိသည်ကို မမေ့ပါနှင့်။

(၄) ကီးဘုတ်ကို ပလက်လှန်ပြီးသောအခါ မာသာဘုတ်နှင့်ဆက်ထားသောကြိုးကို ဖြုတ်ရန် မားသားဘုတ် Slot
တွင် ဖိထားသော အနက်ရောင် အပြားလေးကို အပေါ်ဘက်သို့ လှန်လိုက်ပြီး Cable ကြိုးကို အသာအယာ
ဆွဲဖြုတ်ပါ။
ကီးဘုတ်ဖြုတ်ချင်းအပိုင်းပြီးဆုံးသွားပါပြီ....



ကီဘုတ်အသစ်ကို ပြန်တပ်တော့မယ်ဆိုရင်တော့အောက်ပါအတိုင်းပြုလုပ်ပါမိတ်ဆွေ။
(၁) ကီးဘုတ်ကိုပလပ်လှန်ပြီး Cable ကြိုးကို စနစ်တကျ အံဝင်အောင် အသာအယာထိုးပြီး အပေါ်မှအမဲပြားလေးကို ဖိချလိုက်ပါ။

(၂)Cable ကြိုးတပ်ပြီးမှ ကီးဘုတ်ကို မူရင်းပုံစံအတိုင်းမှောက်ချလိုက်ပြီး F1 အပေါ်ဘက်ရှိ Screw ကိုတပ်လိုက်ပါ။

ကျန်တဲ့အပိုင်းလေးတွေကိုတော့ မိမိဖြုတ်စဉ်ကအတိုင်း ပြန်တပ်လိုက်ပါခင်ဗျာ။
အားလုံး ကျေနပ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။
နောက်တစ်ခါ ကျွန်တော် hard disk drive တပ်နည်းကို ရေးသားပါမယ်ခင်ဗျာ။
စောင့်မျှော်ဖတ်ရှုပေးကြပါဦးဗျာ။ 
မြန်မာမိသားစုဖိုရမ် မှမုန်းလေးရေးသားဖော်ပြသည်။

0 comments:

Post a Comment

Best Blogger TipsComment Options - ယခုကော်မတ်ဘောက်တွင်ပုံများ အရောင်နှင့်စာများ marquee စာကြောင်းများ ထည့်သွင်းအသုံးပြုနိုင်ပါသည်။

Image - [im]ပုံရဲ့လင့်ထည့်ပါ[/im]
Colors - [co="red"]အရောင်နှင့်စာထည့်ပါ[/co] - မိမိနှစ်သက်ရာအရောင်သို့ပြောင်းလဲနိုင်ပါသည်။
Marquee - [ma]သွားနေသောစာကြောင်းထည့်ပါ[/ma]
Get This - Blogger Comment Script

Newer Post Older Post Home
Best Blogger Tips